သားလေးမင်းသန့်မောင်မောင်ရဲ့ မွေးနေ့အတွက် မဟာဗောဓိကျောင်းတိုက်မှာ ဆွမ်းကပ်လှူခဲ့တဲ့ သရုပ်ဆောင်မေသန်းနု

ထောင်ကလွတ်လာပြီဖြစ်တဲ့ သရုပ်ဆောင်မေသန်းနုအတွက် အပျော်ဆုံးကတော့ ဒီနှစ်ရဲ့ သားသားမင်းသန့်မောင်မောင်မွေးနေ့မှာ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ ဇင်ယော်မောင်မောင်နဲ့အတူတကွ ဆွမ်းကပ်လှူပေးခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Image may contain: 2 people, people sitting
Image may contain: 1 person, sitting and indoor

သရုပ်ဆောင်မေသန်းနုဟာ ဇူလိုင်လ ၁ရက်နေ့မှာ ထောင်ကနေ လွတ်မြောက်လာခဲ့တာဖြစ်ပြီး သူမအခုလို လွတ်မြောက်လာရခြင်းအကြောင်းရင်းဟာ အထူးအခွင့်အရေးနဲ့ လွတ်မြောက်လာတာမျိုး မဟုတ်ဘူးလို့ မေသန်းနုက ဆိုထားပါတယ်။

Image may contain: 2 people, eyeglasses, selfie and closeup
Image may contain: 2 people, eyeglasses, selfie and closeup

သရုပ်ဆောင်မေသန်းနုအနေနဲ့ ငွေကြေးလိမ်လည်မှုနဲ့ ထောင် ၁ နှစ် ကျခဲ့တာဖြစ်ပြီး အခုအခါမှာ အာမခံ ကျပ်သိန်း ၃၀ နဲ့ အာမခံသူ ၂ ဦးက အာမခံပေးထားတာကြောင့် လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ အမှုအတွက် ရုံးချိန်းကိုတော့ သင်္ကန်းကျွန်းမြို့နယ်တရားရုံးမှာ လာမယ့် ဇူလိုင် ၁၅ ရက်နေ့မှာ ပြန်လည်ချိန်းဆိုထားတာပါ။

Image may contain: 3 people, people standing and outdoor
Image may contain: 3 people, people sitting, table and outdoor

သရုပ်ဆောင်မေသန်းနုကို တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က သင်္ကန်းကျွန်းမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အဆိုပါအမှုအတွက် ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Image may contain: 2 people, people standing and outdoor
Image may contain: 3 people, people standing and outdoor

သရုပ်ဆောင်မေသန်းနုရဲ့ အမှုဟာ အာမခံပေးလို့ရတဲ့ အမှုဖြစ်လို့ အခုလို ကျပ်သိန်း ၃၀ တန် အာမခံနဲ့ လွတ်မြောက်ခဲ့ရတာဖြစ်ပြီး သူမရဲ့ သားလေးဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ မွေးနေ့ပွဲလေးကို အတူတကွ ပါဝင်လှူဒါန်းခွင့်ရရှိခဲ့ပြီဖြစ်လို့ မေသန်းနုတို့မိသားစုအတွက် တကယ့်ကို ပျော်ရွှင်ဖွယ်နေ့ရက်လေးတစ်ရက်လို့ ဆိုရမှာပါ။

Image may contain: 2 people, people standing
Image may contain: 2 people, people standing

သရုပ်ဆောင်မေသန်းနုတို့ မိသားစုရဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Image may contain: 2 people, people sitting, table and indoor
Image may contain: 2 people, people sitting

သရုပ်ဆောင်မေသန်းနု အမှန်တကယ် ထောင်မှလွတ်လာပါပြီ

ဒီနေ့မှာတော့ ငွေကြေးလိမ်လည်မှုနဲ့ ထောင်တစ်နှစ်ကျခံနေရတဲ့ သရုပ်ဆောင်မေသန်းနုခေါ် မဆင့်တစ်ယောက် ထောင်ကနေ တကယ်ကို လွတ်မြောက်လာခဲ့ပါပြီတဲ့။

Image may contain: 1 person, smiling, standing and text
Image may contain: 1 person, smiling, closeup

ဒီသတင်းကို ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ ဇင်ယော်မောင်မောင်က အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး အခုလိုကြားရတဲ့သတင်းအတွက် သူမရဲ့ ပရိသတ်တွေက ဝမ်းသာပျော်ရွှင်နေကြပါတယ်။

Image may contain: 2 people, people smiling, outdoor

သရုပ်ဆောင်မေသန်းနုကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ နှစ်ကျခံစေရန် ရန်ကင်းတရားရုံးမှ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလ ၂ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing, text that says 'Zin Yaw Mg Mg is feeling sad with Zin Yaw Mg and Min Thant Mg Mg. 46 mins ကျွန်တော် ၏။ သားဖြစ်သူအတွက် သား၏မိခင်နှင့် ပတ်သက်၍ ရင်နှ င့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်​ သာအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော် တို့ သားအဖနှစ်​ေ ယာက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူ၏ မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျှက်ရှိ ပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ စင်ရော်မောင်မောင် နှင့် သား မင်းသန့်မောင်မောင် 15.1.20 15 ရန်ကုန်တက္ကသိုလ် သစ္ျိာမိသားစု (၁၄) ကြိမ်မြောက်သက်ကြီးဆရာ၊ ဆရာမကြီးမျာ ကစ်ကော့ပွဲ နှင့် မိတ်ဆုံစားပွဲ WESTERN PA ९'
Image may contain: 2 people, people smiling, closeup

အဆိုပါအမှုမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကမာရွတ်မြို့နယ်နေ ဒေါ်စန်းစန်းမြင့်မှ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ခြောက်လွှာ တိုက်ခန်းတစ်ခန်းကို ဝယ်ယူရန် စရံငွေကျပ်သိန်း ၄၀၀ အား သရုပ်ဆောင် ဒေါ်မေသန်းနု ခေါ် ဒေါ်သန်းသန်းဆင့်ထံ သက်သေများရှေ့တွင် စာချုပ်ချုပ်ဆိုပေးအပ်ခဲ့တာလို့ သိရပါတယ်။ ထိုကဲ့သို့ စရံငွေပေး၍ ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူခဲ့သည့် တိုက်ခန်းမှာ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ မြေကွက်တစ်ကွက်ဖြစ်ပြီး ယင်းမြေနေရာတွင် သရုပ်ဆောင် မေသန်းနုက ကန်ထရိုက်အဖြစ် ရှစ်ထပ်တိုက် ဆောက်လုပ်ခွင့် ရရှိထားကြောင်း ပြောဆိုခဲ့ပြီး ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းမှ ယင်းအဆောက်အအုံ၏ ကန်ထရိုက်မှာ အခြားသူ ဖြစ်နေကြောင်း စုံစမ်းသိရှိရသဖြင့် စရံငွေ ပြန်ပေးရန် တောင်းဆိုခဲ့ရာ ပြန်လည်မပေးသည့် အတွက် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

Image may contain: 1 person, smiling, standing, plant, outdoor and nature

အခုတော့ အဆိုပါအမှုကြောင့် ထောင်ကျခံနေရတဲ့ ပရိသတ်အချစ်တော် မဆင့်တစ်ယောက် တကယ်ကိုပဲ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီလို့ ပရိသတ်ကြီးကို သတင်းကောင်းလေးပါးလိုက်ရပါတယ်။ ကဲ မဆင့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို မကြာမီပြန်ပြီးမြင်တွေ့ရတော့မှာပါနော်။

Image may contain: 3 people, people smiling, people standing and outdoor
Image may contain: 1 person, smiling, standing

သူတို့နှစ်ဦး အတူနေမယ့် ခမ်းနားလှပတဲ့ အိမ်ကြီးကို ပရိသတ်ထံ ပြသလိုက်တဲ့ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းနဲ့ အဆိုတော်အောင်လ

သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းနဲ့ အဆိုတော်အောင်လတို့နှစ်ဦးဟာ မြောက်ဒဂုံမှာရှိတဲ့ ခြံနဲ့ အိမ်ကြီးကို ဝယ်ယူလိုက်ပြီး ပြန်လည်ပြင်ဆင်နေကြတာဟာဆိုရင် အခုတော့ လုံးဝပြောင်းလဲသွားပြီး ခမ်းနားလှတဲ့ အိမ်ကြီးအဖြစ်ရုပ်လုံးပေါ်လာပြီပဲဖြစ်ပါတယ်။

Image may contain: house, sky, tree, plant, cloud and outdoor
Image may contain: indoor
Image may contain: people sitting, table and indoor

အောင်လနဲ့ ဝိုင်းစုတို့အနေနဲ့ ဒီအိမ်ကြီးကို ဝယ်ပြီးကတည်းက စတင်ပြီး ပြင်ဆင်နေခဲ့တာဟာဆိုရင် လပေါင်းအတော်ကြာခဲ့ပြီဖြစ်ပါတယ်။ သူတို့ဝယ်ယူစဉ်ကတည်းက ဒီခြံထဲမှာ လှပတဲ့ အိမ်ကြီးက ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က ဒီမူလအိမ်ရဲ့ အသွင်အပြင်ကို မကြိုက်တာကြောင့် နှစ်ဦးသဘောတူ ပြင်ဆင်ပစ်ဖို့ စိတ်ကူးခဲ့ကြတာလို့ သိရပါတယ်။

Image may contain: house and outdoor
Image may contain: indoor
No photo description available.
Image may contain: house and outdoor

အဆိုတော်ဝိုင်းစုခိုင်သိန်းက ဒီအိမ်ကိုပြင်ဆင်တဲ့ စိတ်ကူးကောင်းလေးက အဆိုတော်အောင်လရဲ့ စိတ်ကူးလေးပါဆိုပြီး ပရိသတ်ကို ကြွားလိုက်ပါသေးတယ်။ တကယ့်ကိုလည်း အောင်လရဲ့ စိတ်ကူးကို ဝိုင်းစုကဖြည့်ဆည်းပေးထားမှန်း သိသာပါတယ်နော်။

Image may contain: one or more people, people sitting, people playing musical instruments and indoor
Image may contain: 1 person, indoor

ဒီအိမ်ကြီးမှာ အိမ်တွင်းအပြင်အဆင်လေးတွေကို အောင်လနဲ့ ဝိုင်းစုနှစ်ယောက်လုံးရဲ့ အကြိုက်တွေ ထည့်သွင်းထားတာ တွေ့ရပြီး အိမ်ရှေ့မြင်ကွင်းကတော့ အောင်လရဲ့ စတိုင်မှန်းသိသာစေတဲ့ အပြင်အဆင်တွေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။

Image may contain: 6 people, indoor
Image may contain: one or more people and indoor

ဒီအိမ်ရဲ့ အသက်က သူတို့ ၂ဦးလုံး သဘောတူ လုပ်ဆောင်ထားကြတဲ့ အိမ်အပေါ်ထပ်ရေကူးကန်လေးဖြစ်ပြီး ဒီရေကူးကန်လေးကိုတော့ မြင်သူတိုင်းက သဘောကျ နှစ်သက်ကြရတာပါ။

Image may contain: 2 people, selfie and closeup
Image may contain: 3 people, people smiling, swimming, pool and outdoor
Image may contain: outdoor
Image may contain: 1 person, standing and indoor

အောင်လနဲ့ ဝိုင်းစုတို့ နှစ်ယောက်ပေါင်း စိတ်ကူးပုံဖော်မှုအရ ဖြစ်ပေါ်လာတဲ့ အိမ်လေးရဲ့ ခမ်းနားလှပမှုကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။
