ချစ်စရာသားသားမီးမီးအသစ်လေးတွေ ရရှိသွားတဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်အချစ်တော်လေး အူဝဲခေါ် အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ အားလပ်ချိန်လေးကို သားသားမီးမီး အသစ်လေးတွေထိန်းရင်း အချိန်ဖြုန်းနေပါတယ်တဲ့။

Image may contain: 1 person, sitting and outdoor
Image may contain: 1 person

အူဝဲရဲ့ သားလေးနဲ့ သမီးလေးက ဖိုးဓီနဲ့ သုသုလေးဆိုတာကိုတော့ ပြောနေစရာမလိုအောင် အားလုံးသိပြီးသားပါနော်၊ အခု သားသားမီးမီး အသစ်လေးတွေကတော့ ဖိုးဓီနဲ့ သုသုလေးတို့ရဲ့ အချစ်တော်လေးတွေဖြစ်တဲ့ ပူစီလေးနဲ့ အာဝုလေးတွေပါပဲ။

This image has an empty alt attribute; its file name is 1.jpg
Image may contain: 2 people, people smiling, child and outdoor
Image may contain: 3 people, people smiling, hat and shoes, text that says 'B'
Image may contain: 1 person, sitting and outdoor

ဖိုးဓီတို့မွေးထားတာလေးက အခုတော့ အူဝဲရဲ့ အချစ်တော်လေးတွေ ဖြစ်ပြီး သူမကပဲ ထိန်းကျောင်းနေရပါပြီနော်။

Image may contain: 1 person, sitting and outdoor

အူဝဲဟာ လက်ရှိမှာ COVID-19 ကြောင့် အနုပညာလှုပ်ရှားမှုတွေ ခဏနားထားပြီး အိမ်မှာပဲ ချစ်ရတဲ့ ဦးတီ၊ ဖိုးဓီ သုသု အခုအသစ်ရလာတဲ့ ခွေးလေး၊ ကြောင်လေးတွေနဲ့ အချိန်တွေကို ပျော်ရွှင်စွာ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

Image may contain: 1 person, sitting and outdoor

အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာ မင်္ဂလာဦး ဆွမ်းကျွေးပြုလုပ်ခဲ့တဲ့ အဆိုတော်အိမ့်ချစ်တို့ ဇနီးမောင်နှံ

အဆိုတော်အိမ့်ချစ်တို့ ဇနီးမောင်နှံဟာ မင်္ဂလာပွဲကြီးပြုလုပ်ဖို့ ကြံရွယ်ထားပြီးကာမှ COVID-19 ကြောင့် ပွဲမလုပ်ရသေးပဲ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲလေးကို အကျဉ်းရုံးပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။

Image may contain: 3 people, people standing and flower
Image may contain: 2 people, table and indoor
Image may contain: one or more people, people sitting, table and indoor

အခုလည်း အိမ့်ချစ်တို့ ဇနီးမောင်နှံက COVID-19 အနေအထားကြောင့် ပြင်ပလူတွေကို ဖိတ်ကြားခြင်း မပြုတော့ဘဲ မိသားစုသီးသန့်ပါဝင်တဲ့ မင်္ဂလာဦးဆွမ်းကျွေးပွဲလေးကို အေးချမ်းအောင်မြင်အုတ်ခွက် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Image may contain: 2 people, people sitting and indoor
Image may contain: 2 people, people sitting, living room, table and indoor
Image may contain: 3 people, indoor

သူတို့ ဇနီးမောင်နှံဟာ ပရိသတ်တွေက အားကျရလောက်အောင် တစ်ဦးကိုတစ်ဦး ချစ်ခင်ကြသူတွေလည်းဖြစ်ပါတယ်။

Image may contain: one or more people and indoor
Image may contain: 3 people, people sitting and indoor
Image may contain: 4 people, people sitting and indoor

အဆိုတော်အိမ့်ချစ်က သူမရဲ့ ဖေ့ဘုတ်မှာ ၂၇.၆.၂၀၂၀ ရက်နေ့ မင်္ဂလာဦးဆွမ်းကျွေးအလှူအဖြစ် အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာ မြတ်စွာဘုရားရှင်နှင့်တကွသံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အခြေအနေအရ လှူဒါန်းမှုသာအဓိကမို့ မည်သူ့ကိုမှ ဖိတ်ကြားခြင်းမပြုဘဲ မိသားစုနဲ့သာ ဆွမ်းကပ်ဖြစ်ခဲ့ပါတယ်လို့ ရေးသားထားတာတွေ့ရပါတယ်။

Image may contain: 3 people, people sitting, food and indoor
Image may contain: 2 people, people sitting, table, indoor and food
Image may contain: 9 people, people sitting, table and indoor

အဆိုတော်အိမ့်ချစ်တို့ရဲ့ လှူဒါန်းမှုပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Image may contain: 4 people, people sitting, table and indoor
Image may contain: 4 people, people sitting, people standing, table, indoor and food
Image may contain: 2 people, people standing and outdoor
Image may contain: 2 people, people standing, child and outdoor

ဖေဖေလင်းလင်း မေမေချစ်သုတို့ထက် သာတဲ့အိုက်တင်မျိုးစုံထုတ်ပြလိုက်တဲ့ ခေတ်နဲ့ သစ်

သရုပ်ဆောင်ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့ဟာဆိုရင် အမွှာသမီးချောလေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်ကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပြီး ခေတ်လေးနဲ့ သစ်လေးတို့ဟာအခုဆိုရင် တော်တော်လေးကို တတ်သိနားလည်နေကြပြီပဲဖြစ်ပါတယ်။

Image may contain: 3 people
Image may contain: 4 people, people smiling, people standing
Image may contain: 4 people, people smiling
Image may contain: 3 people

အခုလည်း ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ အိုက်တင်အလန်းစား ဗီဒီယိုလေးကို မေမေချစ်သုက တင်ပေးလိုက်တာဖြစ်ပြီး ဒီဗီဒီယိုလေးထဲမှာ မေမေချစ်သုနဲ့ ဖေဖေလင်းတို့ရဲ့ အမိုက်စားအိုက်တင်တွေကို ကျော်လွန်ပြီး အလန်းလွန်အလွန်လန်း အိုက်တင်ပေါင်းစုံနဲ့ Rocker ဆန်ဆန်လေး တွေ့မြင်ကြရမှာဖြစ်ပါတယ်။

Image may contain: 2 people

မေမေချစ်သုဝေက ခေတ်နဲ့ သစ်လေးတို့ရဲ့ အိုက်တင်ကောင်းလွန်းပုံကို ” ကိုယ့်မုဒ်နဲ့ကိုယ်ပဲ ဖေဖေလင်းကို သနားတယ်ရယ်လို့ ” စနောက်ထားသေးတာပါ။

ကဲ ပရိသတ်ကြီးရော ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သူတို့လေးတွေရဲ့ အိုက်တင်ဘယ်လိုတွေ မိုက်နေလဲဆိုတာ ဝေဖန်ပေးသွားကြပါဦး။

လွတ်လပ်ပေါ့ပါးပြီး မြင်သူတိုင်းအားကျရတဲ့ လက်မှတ်ထိုးပွဲပုံရိပ်လေးတွေ ဝေမျှပေးလိုက်တဲ့ အိမ့်ချစ်

အဆိုတော်မလေး အိမ့်ချစ်ဟာဆိုရင် သူမရဲ့ ချစ်သူနဲ့ လက်ထပ်ဖို့ စီစဉ်ထားတဲ့ရက်မှာ COVID-19 ကြောင့် ပွဲကြီးမလုပ်ရသေးပဲ စောင့်ဆိုင်းနေရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူမတို့ ချစ်သူနှစ်ဦး လက်မှတ်ထိုးပွဲလေးကို မိသားစုဝင်တွေနဲ့ပဲ အကျဉ်းရုံးလုပ်ဆောင်ခဲ့ပြီးတာ ဖြစ်ပါတယ်။

Image may contain: one or more people and people sitting
Image may contain: 2 people, people standing, wedding and flower
Image may contain: 1 person, indoor
Image may contain: 1 person, standing and flower

အိမ့်ချစ်နဲ့ သူမရဲ့ ချစ်သူ Eric တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ မှာ နှစ်ဖက်မိဘတွေနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးတို့ရဲ့ ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 2 people
Image may contain: 2 people
Image may contain: 2 people
Image may contain: 2 people, people sitting

၆-၆-၂၀၂၀ ရက်နေ့မှာ သူမတို့ စုံတွဲရဲ့ လက်မှတ်ထိုး ပုံရိပ်တချို့ကို ပရိသတ်ထံ ပြသခဲ့တာဖြစ်ပြီး အခုကတော့ ကျန်ရှိနေတဲ့ ပုံလှလှလေးတွေကို ပရိသတ်ကြီးအားကျရအောင် ထပ်မံပြသလိုက်တာပဲ ဖြစ်ပါတယ်။

Image may contain: 1 person, standing, flower and wedding
Image may contain: 2 people, people standing and wedding
Image may contain: 2 people, people standing and wedding
Image may contain: 1 person, standing and outdoor

အိမ့်ချစ်တို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Studio A မှာ ပရီဝက်ဒင်း ဓါတ်ပုံလေးတွေ ရိုက်ကူးခဲ့တာကို တွေ့ရပြီး ဒီပုံလေးတွေကိုလည်း မကြာခင်မှာ ထပ်မံမြင်တွေ့ကြရဦးမယ်ရယ်လို့ အိမ့်ချစ်က ဆိုထားပါတယ်။

Image may contain: 2 people, wedding and text
Image may contain: 2 people, people standing and outdoor
Image may contain: 1 person, standing and outdoor
Image may contain: 2 people, people standing and outdoor
Image may contain: 1 person, standing and outdoor
No photo description available.

ကဲ လိုက်ဖက်ညီပြီး မြင်သူတိုင်း အားကျနှစ်သက်ရတဲ့ အဆိုတော်အိမ့်ချစ်တို့ ချစ်သူ ၂ဦးက လက်မှတ်ထိုးပွဲနေ့လေးမှာ ဘယ်လိုတွေ လှပပျော်ရွှင်နေခဲ့လဲဆိုတာ ပရိသတ်ကြီးကို မျှဝေဖော်ပြပေးလိုက်ရပါတယ်။

Image may contain: 2 people, people standing, wedding and outdoor
Image may contain: 2 people, people standing and outdoor
Image may contain: 2 people, people standing and outdoor

Image may contain: 2 people, people standing and outdoor


Treasure လေးနဲ့အတူ သဲဖြူဆရာတော်ကြီး မွေးနေ့အတွက် မိသားစု နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တဲ့ စန္ဒီမြင့်လွင်တို့ မိသားစု

သရုပ်ဆောင်စန္ဒီမြင့်လွင်တို့ မိသားစုလေးဟာဆိုရင် သမီးလေး Treasure တစ်တုတ်လေးကို မွေးဖွားခဲ့တာ တစ်နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ အခုလည်း သူမရဲ့ ညီအစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ ၊ စိုးပြည့်သဇင်တို့နဲ့အတူ သဲဖြူဆရာတော်ကြီးရဲ့ မွေးနေ့အထိမ်းအမှတ် လှူဒါန်းမှုတွေပြုလုပ်ရာမှာ သမီးလေးကိုပါ အတူပါဝင်စေခဲ့တာ တွေ့ရပါတယ်။

Image may contain: 3 people, indoor
Image may contain: 2 people, people sitting and child

အခုလည်း စန္ဒီမြင့်လွင်တစ်ယောက် သမီးလေး Treasure ၊ ခင်ပွန်းဖြစ်သူ ကိုသီဟလွင် တို့နဲ့အတူ သဲဖြူဆရာတော်ကြီးရဲ့ မွေးနေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းများကို မင်းသမီးပိုးထည်တိုက် မိသားစုဝင်တွေနဲ့အတူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Image may contain: 3 people, people sitting, people standing, table and indoor
Image may contain: 2 people, people sitting and baby

သရုပ်ဆောင်စန္ဒီမြင့်လွင်ဟာ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်တို့နဲ့အတူ မင်းသမီးပိုးထည်တိုက်ကို တည်ထောင်ထားသူတစ်ဦးဖြစ်ပြီး သူတို့ညီအစ်မတွေဟာ မကြာခဏ ပူးပေါင်းလှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။

Image may contain: 9 people, people standing and people sitting

သမီးလေး Treasure ကတော့ ဆရာတော်ကြီးမွေးနေ့ပွဲမှာ ကစားပြီး မောလို့ အိပ်ပျော်သွားရှာပါလေရောနော်။ ဒီအလှူပွဲလေးမှာ သရုပ်ဆောင် စိုးမြတ်နန္ဒာနဲ့အတူ စိုးသူကလည်း ပါဝင်အားဖြည့်ပေးထားတာကို တွေ့ရပါတယ်။

Image may contain: 8 people, people sitting

စိုးညီအစ်မတွေရဲ့ အလှူပွဲပုံရိပ်လေးတွေနဲ့ သမီးလေး Treasure တစ်တုတ်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Image may contain: 1 person, standing and indoor
Image may contain: one or more people
Image may contain: 1 person, standing and indoor

တစ်ချိန်က မင်းသမီးကြီး ဒေါ်ခင်သန်းနု၊ ဦးညွန့်ဝင်းတို့နဲ့ ပျော်ပျော်ပါးပါး ပြန်ဆုံခွင့်ရလို့ ဝမ်းသာနေတဲ့ ဦးကျော်သူ

ပရဟိတမင်းသားကြီး ဦးကျော်သူကတော့ ဒီကနေ့မှာ တစ်ချိန်က မင်းသမီးကြီး ဒေါ်ခင်သန်းနု၊ ဦးညွန့်ဝင်းတို့နဲ့ ကျန်းကျန်းမာမာ ပြန်ဆုံခွင့်ရရှိခဲ့လို့ ဝမယ်သားပျော်ရွှင်နေပါတယ်။

Image may contain: 2 people, people standing
Image may contain: 2 people, people standing

ဦးကျော်သူက သူ့ရဲ့ ဖေ့ဘုတ်မှာ ကောင်းချစ်တဲ့ မမ နဲ့ ဗန်တိုလူလေး တို့နဲ့အတူ ဒီနေ့ဆုံတွေ့ခဲ့ရပါတယ်ဆိုပြီး ရေးသားထားတာပါ။

Image may contain: 2 people, people standing
Image may contain: 3 people, people standing and beard

သရုပ်ဆောင်ဒေါ်ခင်သန်းနုဟာ တစ်ချိန်က မယ်ဗမာ အဖြစ်နာမည်ကျော်ကြားခဲ့သူဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင် နယ်ပယ်မှာလည်း ခေတ်တစ်ခေတ်ကို ဦးဆောင်နိုင်ခဲ့သူတစ်ဦးပါ၊ ဒီလိုပဲ ဦးညွန့်ဝင်းဟာလည်း အကယ်ဒမီများရှင်တစ်ဦးအဖြစ် ထင်ပေါ်ကျော်ကြားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဦးကျော်သူကတော့ လက်ရှိအချိန်မှာ ပရဟိတပိုင်းကို ဦးစားပေးပြီး နာမည်ကျော်ကြားနေဆဲ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

Image may contain: 2 people, people sitting and indoor
Image may contain: 2 people, people sitting
Image may contain: 2 people, people standing

သူတို့ ၃ဦးတွေ့ဆုံမှုရဲ့ ကြည်နူးစဖွယ်ပုံရိပ်လေးတွေကို ပရိသတ်ကြီး ပြန်လည်ခံစားနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Image may contain: 3 people, people standing
Image may contain: 3 people, people standing and people sitting

Coma ဝင်နေတဲ့ ဦးမန်းဝင်းကို လာနှိုးပေးနေကြတဲ့ မတူးနဲ့ ဂွမ်းပုံကြီး

သရုပ်ဆောင်မတူးနဲ့ ဂွမ်းပုံကြီးတို့ကတော့ သူတို့နဲ့ အတူတွဲဖက်သရုပ်ဆောင်နေကြဖြစ်တဲ့ ဟာသသရုပ်ဆောင် ဦးမန်းဝင်းတစ်ယောက် စကားလေးပြန်ပြောလိုပြောလာငြား ဦးမန်းဝင်းရဲ့ အိမ်ကိုသွားပြီး နှိုးပေးကြည့်နေကြပါတယ်တဲ့။

Image may contain: 1 person, sitting, standing and table
Image may contain: 1 person, sitting, eating and table
Image may contain: 1 person, sitting and indoor

ဦးမန်းဝင်းဟာ အခုဆိုရင် ဆေးရုံကနေ အိမ်ကို ပြန်ဆင်းလာပြီဖြစ်ပြီး အသက်ရှူနေပေမယ့် သတိမဝင်တော့ဘူးလို့ သိရပါတယ်။

Image may contain: 1 person, sitting, dog and child
Image may contain: 1 person, sitting
Image may contain: 1 person

ဦးမန်းဝင်းအနေနဲ့ Coma ဝင်နေတာဖြစ်ပြီး ပြန်သတိလည်လာဖို့ ရာခိုင်နှုန်း မရှိသလောက်နည်းပါးနေတယ်လို့ ဆရာဝန်တွေက ပြောကြောင်း ဇနီးဖြစ်သူနဲ့ သားသမီးတွေက ရှင်းပြပါတယ်။

Image may contain: one or more people and people sleeping

သရုပ်ဆောင်ဦးမန်းဝင်းဟာ ဦးနှောက်သွေးယိုစီးပြီး ဦးနှောက်ထဲမှာ သွေးခဲနေတဲ့အတွက် လေဖြတ်မလိုဖြစ်နေတာကြောင့် ဇနီးနဲ့ သားသမီးတွေက ဦးနှောက်ခွဲစိတ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ခွဲစိတ်အပြီးမှာ အခုလို အိပ်ပျော်သွားရာကနေ ပြန်မနိုးတာတော့တာပဲ ဖြစ်ပါတယ်။

Image may contain: 1 person, sitting

မိသားစုအပေါ် တာဝန်ကျေလွန်းတဲ့ ဦးမန်းဝင်းကို ခွဲစိတ်စေခဲ့တာဟာ သူ့အတွက် ကံဆိုးဖို့ ဖြစ်လာစေတာကြောင့် ဦးမန်းဝင်းရဲ့ ဇနီးနဲ့ သားသမီးတွေက သူတို့ရဲ့ အပြစ်ဆုံးဖြတ်ချက်အမှားကြောင့် ဦးမန်းဝင်း အခုလိုဖြစ်ရတယ်ရယ်လို့လည်း သူတို့ကိုယ်သူတို့ အပြစ်တင်မဆုံးဖြစ်နေကြတာပါ။

Image may contain: one or more people and people sleeping

ဦးမန်းဝင်းတစ်ယောက် အမြန်ဆုံးနိုးထလာနိုင်စေဖို့ အားလုံးကဝိုင်းဆုတောင်းပေးကြပါဦးနော်

Image may contain: 2 people, people sitting and child

သူမပရိတ်ရွတ်ပြီဆိုရင် အနားမှာ လာရှုပ်နေတဲ့သူ ရှိနေတယ်ဆိုတဲ့ ပိုးအိအိခန့်

သရုပ်ဆောင်ပိုးအိအိခန့်က သူမပရိတ်ရွတ်ဖတ်နေချိန်ဆိုရင် အနားမှာ ရစ်သီရစ်သီလုပ်ပြီး လာရှုပ်နေသူလေးတစ်ယောက်ရှိတယ်ဆိုပြီး ပုံလေးတွေကိုပါ ထုတ်ပြလိုက်တာပါ။

Image may contain: 1 person, baby and indoor
Image may contain: 1 person, baby

ပုံထဲမှာ မြင်ရတဲ့အတိုင်းပါပဲ မေမေပိုးအိအိခန့်ရဲ့ သားလေး ကိုကိုးတစ်ယောက် သူ့မေမေ ပဌာန်းရွတ်နေတာကို မျက်လုံးဝိုင်းကြီးနဲ့ကြည့်ပြီး အနားမှာ လာရှုပ်နေတာပါ။ သူလေးက မေမေဘာများလုပ်နေတာလဲ မပြီးသေးဘူးလားဆိုတဲ့ အကြည့်လေးနဲ့ပါ။

Image may contain: 1 person, baby
Image may contain: 1 person
Image may contain: 1 person, sitting, baby and closeup

ပိုးအိအိခန့်ရဲ့ သားလေးကိုကိုးဟာဆိုရင် အခု အသက် ၁၀ လကျော်သွားပြီဖြစ်ပြီး အရမ်းလည်း လည် အရမ်းလည်းတတ်နေပြီဖြစ်ပါတယ်။ သူလေးက သူ့အမေမေ ဘုရားရှိခိုးပြီဆိုတာနဲ့ အနားမှာ အတူနေပြီး အရှုပ်ထုပ်လေးအဖြစ် ရှိနေတတ်ပါပြီတဲ့နော်။

Image may contain: 1 person, baby
Image may contain: one or more people
Image may contain: 2 people, baby and closeup

သရုပ်ဆောင်ပိုးအိအိခန့်ဟာ လက်ရှိအချိန်မှာ အနုပညာလှုပ်ရှားမှုတွေ သိပ်ပြီး လုပ်တာ မတွေ့ရတော့ပဲ သားလေးနဲ့ ဖေဖေအောင်သူအတွက်ပဲ အချိန်ပေးနေတာကို တွေ့ရပါတယ်။

Image may contain: 2 people, shoes, child and outdoor
Image may contain: 2 people, child and outdoor

MYmedia

ဦးမန်းဝင်းအခုလိုဖြစ်သွားရတာ သူ့ရဲ့ ဆုံးဖြတ်ချက်အမှားကြောင့်ပါလို့ ဆိုလာတဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူ

ဟာသသရုပ်ဆောင်ဦးမန်းဝင်းကိုဆုံးရှုံးရတော့မယ့် အနေအထားကို ထိုင်ကြည့်နေရတာဟာ သူ့ရဲ့ ဆုံးဖြတ်ချက်အမှားကြောင့်ပါလို့ ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူက ဆိုလိုက်ပါတယ်။

ဒေါ်ခင်အေးကြူက သားသမီးတွေက သူတို့အဖေကို ပိုကောင်းစေချင်လို့ ဦးနှောက်သွေးယိုစိမ့်တာကို ခွဲမယ်လို့ ဝိုင်းပြောကြတော့ အန်တီသာ မခွဲဘူးပြောလိုက်ရင် သူတို့အန်တီ့ကိုကျော်ပြီး လုပ်ကြမှာမဟုတ်ဘူးလေ၊ အခုတော့ အန်တီကိုယ်တိုင်က ခွဲမယ်ပြောလိုက်မိပြီး အခုလိုခွဲစိတ်မိတာကနေ ဦးမန်းဝင်းကို ဆုံးရှုံးရတော့မလိုဖြစ်သွားခဲ့ရတာပါ လို့ မျက်ရည်များကြားကနေ ပြောခဲ့ပါတယ်။

ကျောက်ကပ်ဆေးရင်လည်း အကုန်အကျများတဲ့အတွက် ဦးမန်းဝင်းကို ချစ်ခင်ကြတဲ့ ရွှေတောင်ကြားက မိသားစုတစ်စုက ဦးမန်းဝင်းကျောက်ကပ်ဆေးနေသမျှ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

ဦးမန်းဝင်းအနေနဲ့ ဆီးဝမ်းကိစ္စမှာတောင် ကိုယ်တိုင်မလုပ်ကိုင်နိုင်တော့တာကြောင့် ဦးမန်းဝင်းရဲ့ ဇနီးကပဲ ကလေးတစ်ယောက်လို ပြုစုပေးနေရတာဖြစ်ပါတယ်။ ဦးမန်းဝင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုဒဏ်ကြောင့် ဦးနှောက်ခွဲစိတ်ပြီးနောက်ပိုင်း အခုလိုမျိုး ပြန်မနိုးလာတော့တာလို့ သိရပါတယ်။ အဆုတ်ကတော့ အသက်ရှူနေသေးတယ်။ အောက်ဆီဂျင်အိုးက အသက်ရှူနေတဲ့ ဂဏန်းလေးတွေပဲ အန်တီကြည့်နေရတယ်၊ အန်တီဘာမှမလုပ်တတ်တော့ဘူးလို့ ဒေါ်ခင်အေးကြူက ရှင်းပြပါတယ်။

လက်ရှိအချိန်မှာတော့ Coma ဝင်နေတဲ့ ဦးမန်းဝင်းကို ဆေးရုံကနေ အိမ်ကိုပြန်ခေါ်လာပြီး သူ့ရဲ့ နောက်ဆုံးအချိန်ကို စောင့်ကြည့်ရသလိုဖြစ်နေတဲ့အတွက် မိသားစုအားလုံးက စိတ်မကောင်းဖြစ်နေကြတယ်လို့ သိရပါတယ်။ ဦးမန်းဝင်းတစ်ယောက် အမြန်ဆုံး သတိပြန်လည်လာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

MYmedia

ဦးနှောက်ခွဲစိတ်ကုသတာ ၁၅ ရက်ကြာသည်အထိ သတိပြန်မလည်လာပဲ စိုးရိမ်နေရတဲ့ ဟာသသရုပ်ဆောင်ဦးမန်းဝင်း

ဟာသသရုပ်ဆောင်ဦးမန်းဝင်းအနေနဲ့ ဦးနှောက်ခွဲစိတ်ကုသမှုခံယူထားတာ ၁၅ ရက် နီးပါး ကြာမြင့်တဲ့အချိန်အထိ သတိပြန်မလည်လာသေးပဲ စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။

ဦးမန်းဝင်းရဲ့ ရောဂါအခြေအနေ မသက်သာတာကြောင့် သမီးဖြစ်သူ ဟေမာမန်းဝင်းတစ်ယောက် ဆေးရုံပေါ်မှာ ရှိနေတဲ့ ဦးမန်းဝင်းအတွက် ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်ဖတ်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး စိုးရိမ်မှုတွေလည်း အတော်လေး ရှိနေရပြီလို့ သူမက ဆိုထားပါတယ်။

ဦးမန်းဝင်းဟာ မကြာခဏကျောက်ကပ်ဆေးနေရသူဖြစ်ပြီး ကျောက်ကပ်ဆေးပြီး ပြန်လာတဲ့တစ်ရက်မှာ ယိုင်လဲသွားခဲ့ရင်း တစ်ခုခုနဲ့ခေါင်းကိုဆောင့်မိခဲ့ရာကနေ အဆိုပါနေရာက သွေးခဲပြီး လေဖြန်းချင်သလို ဖြစ်နေခဲ့တာကြောင့် ပင်လုံဆေးရုံကြီးမှာ ဦးနှောက်သွေးခဲမှုအတွက် ခွဲစိတ်မှုခံယူခဲ့တာဖြစ်ပါတယ်တဲ့၊ ဦးနှောက်ခွဲစိတ်မှုက အောင်မြင်ခဲ့ပြီး ခွဲခန်းကအထွက်မှာ အားလုံးကို မှတ်မိကြောင်း၊ ဒီနေ့ခွဲပြီး နောက်နေ့မှာ ကျောက်ကပ် မဖြစ်မနေဆေးရမယ့်ရက်ဖြစ်လို့ သွားဆေးခဲ့အပြီး ပြန်အလာမှာ ခြေကုန်လက်ပမ်းကျပြီး မျက်လုံးမဖွင့်တော့သလို ဖြစ်နေခဲ့ကြောင်း၊ ဒါကြောင့် ဆေးရုံက သူခံနိုင်ရည်မရှိမှာစိုးလို့ ဆေးရုံက အိပ်ဆေးနည်းနည်းထည့်ပေးခဲ့ကြောင်း၊ အိပ်ဆေးအရှိန်ကြောင့် တစ်ညလုံးတစ်နေ့လုံးမေးလို့လည်းမရ ၊ ခေါ်လို့မရဖြစ်ခဲ့ကြောင်း၊ ဒီအတွက် မိသားစုအားလုံးက ပိုပြီး စိုးရိမ်ခဲ့ကြရကြောင်း။ လက်ရှိအချိန်မှာတော့ မေးရင်ပြန်ပြီး အင်းဘာညာပြန်ထူးကြောင်း ယောက်ဖဖြစ်သူ လူရွှင်တော်ဦးငြိမ်းချမ်းက ပြောပြပါတယ်။

ဦးငြိမ်းချမ်းက ” ဒီရောဂါအခြေအနေကို ဆရာဝန်ကြီးတွေရဲ့ ပြောပြချက်အရကတော့ အခု ဦးနှောက်ထဲက သွေးတွေကို ဖောက်ထုတ်လိုက်တယ်၊ အခုပိုက်ဖြုတ်လိုက်တော့ လေနည်းနည်းခိုနေတယ်၊ ဒါကြောင့် တစ်ပတ်လောက်တော့ စောင့်ကြည့်ရမယ်လို့ ပြောတယ်၊ ဒီလိုခွဲစိတ်မှုတွေက ဒီလိုပဲ ဖြစ်တတ်တယ်လို့ ပြောပါတယ်။ တချို့ဆို လေးပတ်လောက်ထိ စောင့်ကြည့်ပြီးမှ ကောင်းတာမျိုးလည်းရှိတယ်၊ အခုကရောဂါအခြေအနေက အားလုံးကောင်းတယ်၊ ပြန်ကောင်းမယ်လို့လည်း ဆရာဝန်ကြီးတွေက တာဝန်ယူတယ်၊ ဦးမန်းဝင်းကတော့ ဒီတစ်ပတ်နဲ့မကောင်းသေးပေမယ့် နောက် ၂ပတ်၊ ၃ပတ်လောက်အထိ စောင့်ကြည့်ရဦးမှာပါလို့ ” ရှင်းပြပါတယ်။

ဦးမန်းဝင်းတစ်ယောက် ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့မှာ ရုတ်တရက် ဦးနှောက်သွေးယိုစိမ့်မှု ဖြစ်လာခဲ့လို့ ပင်လုံဆေးရုံကြီးမှာ ဦးခေါင်းခွဲစိတ်ကုသမှုခံယူခဲ့ရတာပါ။ ဒါပေမယ့် ခွဲစိတ်အပြီး သတိပြန်လည်လာခြင်းမရှိဘဲ အိပ်ပျော်နေခဲ့တာကြောင့် ICU ထဲမှာ ပဲ ရှိနေခဲ့ရတာဖြစ်ပါတယ်။ ဆေးရုံတက်နေရတဲ့ ဦးမန်းဝင်းအတွက် ရန်ကုန်လူရွှင်တော်အသင်းမှ ငွေကျပ် ၁သိန်းကို လှူဒါန်းပေးခဲ့တာတွေ့ရပြီး အခြားသော အနုပညာရှင်ညီအစ်ကို မောင်နှမတွေကလည်း တတ်နိုင်သမျှ ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြတာပါ။

ဟေမာမန်းဝင်းက သူမရဲ့ ဖေ့ဘုတ်မှာ” ဖေကြီးခံစားနေရတဲ့ ရောဂါတွေမကြည့်ရက်ပါဘူး အဖေရယ်၊ ဖေကြီးရယ် သမီးမှာ မိဘကိုနှစ်ယောက်လုံးကို ပြုစုလုပ်ကျွေးနေတဲ့ သမီးကြီးလေ၊ ငပေါမကြီးလို့ မပြောနိုင်တော့ပါဘူး၊ သမီးစိတ်တွေ မဖြေနိုင်ဘူး ဒါပေမယ့် အမေ့အတွက် အားတင်းထားပါတယ်” လို့ ရေးသားထားတာတွေ့ရပါတယ်။

တစ်ချိန်က ပြည်သူ့အချစ်တော် ဟာသသရုပ်ဆောင် ဦးမန်းဝင်းတစ်ယောက် အမြန်ဆုံးပြန်လည်သက်သာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

MYmedia