သားလေးမင်းသန့်မောင်မောင်ရဲ့ မွေးနေ့အတွက် မဟာဗောဓိကျောင်းတိုက်မှာ ဆွမ်းကပ်လှူခဲ့တဲ့ သရုပ်ဆောင်မေသန်းနု

ထောင်ကလွတ်လာပြီဖြစ်တဲ့ သရုပ်ဆောင်မေသန်းနုအတွက် အပျော်ဆုံးကတော့ ဒီနှစ်ရဲ့ သားသားမင်းသန့်မောင်မောင်မွေးနေ့မှာ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ ဇင်ယော်မောင်မောင်နဲ့အတူတကွ ဆွမ်းကပ်လှူပေးခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Image may contain: 2 people, people sitting
Image may contain: 1 person, sitting and indoor

သရုပ်ဆောင်မေသန်းနုဟာ ဇူလိုင်လ ၁ရက်နေ့မှာ ထောင်ကနေ လွတ်မြောက်လာခဲ့တာဖြစ်ပြီး သူမအခုလို လွတ်မြောက်လာရခြင်းအကြောင်းရင်းဟာ အထူးအခွင့်အရေးနဲ့ လွတ်မြောက်လာတာမျိုး မဟုတ်ဘူးလို့ မေသန်းနုက ဆိုထားပါတယ်။

Image may contain: 2 people, eyeglasses, selfie and closeup
Image may contain: 2 people, eyeglasses, selfie and closeup

သရုပ်ဆောင်မေသန်းနုအနေနဲ့ ငွေကြေးလိမ်လည်မှုနဲ့ ထောင် ၁ နှစ် ကျခဲ့တာဖြစ်ပြီး အခုအခါမှာ အာမခံ ကျပ်သိန်း ၃၀ နဲ့ အာမခံသူ ၂ ဦးက အာမခံပေးထားတာကြောင့် လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ အမှုအတွက် ရုံးချိန်းကိုတော့ သင်္ကန်းကျွန်းမြို့နယ်တရားရုံးမှာ လာမယ့် ဇူလိုင် ၁၅ ရက်နေ့မှာ ပြန်လည်ချိန်းဆိုထားတာပါ။

Image may contain: 3 people, people standing and outdoor
Image may contain: 3 people, people sitting, table and outdoor

သရုပ်ဆောင်မေသန်းနုကို တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က သင်္ကန်းကျွန်းမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အဆိုပါအမှုအတွက် ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Image may contain: 2 people, people standing and outdoor
Image may contain: 3 people, people standing and outdoor

သရုပ်ဆောင်မေသန်းနုရဲ့ အမှုဟာ အာမခံပေးလို့ရတဲ့ အမှုဖြစ်လို့ အခုလို ကျပ်သိန်း ၃၀ တန် အာမခံနဲ့ လွတ်မြောက်ခဲ့ရတာဖြစ်ပြီး သူမရဲ့ သားလေးဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ မွေးနေ့ပွဲလေးကို အတူတကွ ပါဝင်လှူဒါန်းခွင့်ရရှိခဲ့ပြီဖြစ်လို့ မေသန်းနုတို့မိသားစုအတွက် တကယ့်ကို ပျော်ရွှင်ဖွယ်နေ့ရက်လေးတစ်ရက်လို့ ဆိုရမှာပါ။

Image may contain: 2 people, people standing
Image may contain: 2 people, people standing

သရုပ်ဆောင်မေသန်းနုတို့ မိသားစုရဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Image may contain: 2 people, people sitting, table and indoor
Image may contain: 2 people, people sitting

Leave a Reply

Your email address will not be published. Required fields are marked *