ဦးမန်းဝင်းအခုလိုဖြစ်သွားရတာ သူ့ရဲ့ ဆုံးဖြတ်ချက်အမှားကြောင့်ပါလို့ ဆိုလာတဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူ

ဟာသသရုပ်ဆောင်ဦးမန်းဝင်းကိုဆုံးရှုံးရတော့မယ့် အနေအထားကို ထိုင်ကြည့်နေရတာဟာ သူ့ရဲ့ ဆုံးဖြတ်ချက်အမှားကြောင့်ပါလို့ ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူက ဆိုလိုက်ပါတယ်။

ဒေါ်ခင်အေးကြူက သားသမီးတွေက သူတို့အဖေကို ပိုကောင်းစေချင်လို့ ဦးနှောက်သွေးယိုစိမ့်တာကို ခွဲမယ်လို့ ဝိုင်းပြောကြတော့ အန်တီသာ မခွဲဘူးပြောလိုက်ရင် သူတို့အန်တီ့ကိုကျော်ပြီး လုပ်ကြမှာမဟုတ်ဘူးလေ၊ အခုတော့ အန်တီကိုယ်တိုင်က ခွဲမယ်ပြောလိုက်မိပြီး အခုလိုခွဲစိတ်မိတာကနေ ဦးမန်းဝင်းကို ဆုံးရှုံးရတော့မလိုဖြစ်သွားခဲ့ရတာပါ လို့ မျက်ရည်များကြားကနေ ပြောခဲ့ပါတယ်။

ကျောက်ကပ်ဆေးရင်လည်း အကုန်အကျများတဲ့အတွက် ဦးမန်းဝင်းကို ချစ်ခင်ကြတဲ့ ရွှေတောင်ကြားက မိသားစုတစ်စုက ဦးမန်းဝင်းကျောက်ကပ်ဆေးနေသမျှ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

ဦးမန်းဝင်းအနေနဲ့ ဆီးဝမ်းကိစ္စမှာတောင် ကိုယ်တိုင်မလုပ်ကိုင်နိုင်တော့တာကြောင့် ဦးမန်းဝင်းရဲ့ ဇနီးကပဲ ကလေးတစ်ယောက်လို ပြုစုပေးနေရတာဖြစ်ပါတယ်။ ဦးမန်းဝင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုဒဏ်ကြောင့် ဦးနှောက်ခွဲစိတ်ပြီးနောက်ပိုင်း အခုလိုမျိုး ပြန်မနိုးလာတော့တာလို့ သိရပါတယ်။ အဆုတ်ကတော့ အသက်ရှူနေသေးတယ်။ အောက်ဆီဂျင်အိုးက အသက်ရှူနေတဲ့ ဂဏန်းလေးတွေပဲ အန်တီကြည့်နေရတယ်၊ အန်တီဘာမှမလုပ်တတ်တော့ဘူးလို့ ဒေါ်ခင်အေးကြူက ရှင်းပြပါတယ်။

လက်ရှိအချိန်မှာတော့ Coma ဝင်နေတဲ့ ဦးမန်းဝင်းကို ဆေးရုံကနေ အိမ်ကိုပြန်ခေါ်လာပြီး သူ့ရဲ့ နောက်ဆုံးအချိန်ကို စောင့်ကြည့်ရသလိုဖြစ်နေတဲ့အတွက် မိသားစုအားလုံးက စိတ်မကောင်းဖြစ်နေကြတယ်လို့ သိရပါတယ်။ ဦးမန်းဝင်းတစ်ယောက် အမြန်ဆုံး သတိပြန်လည်လာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

MYmedia

Leave a Reply

Your email address will not be published. Required fields are marked *