ဒီနေ့မနက် ၆နာရီခွဲမှာ ဆုံးပါးသွားတဲ့ ဟာသသရုပ်ဆောင် ဦးမန်းဝင်း

ဟာသသရုပ်ဆောင်ဦးမန်းဝင်းတစ်ယောက် မေ့မြောသတိမဝင်ဖြစ်ပြီးနေတဲ့ အခြေအနေကနေ ပြန်သတိရလာတာဟာ ရက်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ အဲဒီတုန်းက သူ့ကို လက်လွှတ်လိုက်ရပြီလို့ သူ့ရဲ့ သားသမီးတွေက ထင်ခဲ့ကြပေမယ့် သူဟာကံကောင်းထောက်မစွာပဲ သတိပြန်လည်ပြီး နေပြန်ကောင်းလာခဲ့တာပါ။

Image may contain: indoor

အခုကတော့ ဦးမန်းဝင်းတစ်ယောက် တကယ်ကိုပဲ မိသားစုနဲ့ သူချစ်တဲ့ ပရိသတ်တွေကို စွန့်ခွာသွားခဲ့ပါပြီ။

Image may contain: 2 people, closeup
Image may contain: 2 people, selfie, closeup and indoor

ဦးမန်းဝင်းတစ်ယောက်သေဆုံးသွားပြီဆိုတဲ့ သတင်းကို သားသမီးတွေဖြစ်တဲ့ ကြည်ဖြူမန်းဝင်း၊ ချမ်းသာမန်းဝင်း၊ ဟေမာမန်းဝင်းတို့က အတည်ပြုပြောကြားခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 1 person, sitting, child and outdoor
Image may contain: 2 people, people sitting and indoor

ဦးမန်းဝင်းမသေဆုံးခင်လေးမှာ သွားရောက်အားပေးစကားပြောခဲ့သူတစ်ဦးဖြစ်တဲ့ အဆိုတော်နီတာကလည်း သူချစ်ခင်လေးစားရတဲ့ အနုပညာရှင်ကြီးဦးမန်းဝင်းအတွက် နှမြောတသဖြစ်ပြီး ဝမ်းနည်းကြောင်း ဆိုခဲ့ပါသေးတယ်။

Image may contain: 1 person, text that says 'RIP'
Image may contain: 3 people, people sitting, table and indoor

ဦးမန်းဝင်းဟာ ဦးနှောက်ခွဲစိတ်မှုခံယူအပြီးမှာ မေ့မြော Coma ဝင်နေခဲ့ရာကနေ အိမ်ကို ပြန်သယ်လာခဲ့ချိန်မှာတော့ သတိပြန်လည်လာခဲ့ပြီး လူကောင်းတစ်ယောက်အတိုင်း ရက်ပိုင်းလောက် နေထိုင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ အခုလိုဖြစ်မယ်လို့ သူ့ရဲ့ အိမ်သားတွေနဲ့ ပရိသတ်တွေက မမျှော်လင့်ထားခဲ့တာကြောင့် အားလုံးက အံ့သြဝမ်းနည်းနေကြပါတယ်။

Image may contain: 2 people, people sitting
Image may contain: 1 person

Leave a Reply

Your email address will not be published. Required fields are marked *