သမီးငယ်လေးကိုပါခေါ်ပြီး မိသားစုလိုက်အပန်းဖြေနေတဲ့ အဆိုတော်အာဇာနည်

အဆိုတော်အာဇာနည်တို့မိသားစုလေးကတော့ အခုဆိုရင် သမီးလေးပါ တိုးလာတဲ့အတွက် မိသားစု ၅ ယောက်ဖြစ်နေပါပြီနော်၊ အခုလည်း မိုးအေးအေးမှာ သမီးလေးကိုပါ ခေါ်ပြီး မိသားစုလူကုန် ခရီးတိုလေးသွားရင်း အပန်းဖြေရေကူးနေကြပါတယ်။

Image may contain: 2 people, swimming, pool and outdoor
Image may contain: 4 people, swimming, outdoor and water
Image may contain: 5 people, people sitting, tree, plant, table, outdoor and nature

အဆိုတော်အာဇာနည်ရဲ့ သမီးလေးဟာ အခုဆိုရင် အသက် ၂လနီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။ အငယ်ဆုံးသမီးလေးကို နာမည်မပေးရသေးပေမယ့် ပရိသတ်တွေကတော့ သဲသဲတုန်လို့ ချစ်စနိုးခေါ်ဝေါ်နေကြတာကိုလည်း တွေ့ရပါတယ်။

Image may contain: 5 people, people sitting, tree, table, outdoor and nature
Image may contain: 5 people, people sitting, tree, table, outdoor and nature

အဆိုတော်အာဇာနည်တို့ မိသားစုဟာ သမီးလေးနဲ့အတူ ပထမဆုံး ခရီးလေးကို COVID-19 ကာလလေးမှာ အမှတ်တရ ထွက်ဖြစ်ခဲ့တာဖြစ်ပြီး အဆိုတော်အာဇာနည်တို့ မိသားစုနဲ့အတူ အဆိုတော်ဇော်ပိုင်တို့ မိသားစု၊ အဆိုတော်ဖိုးကာတို့ မိသားစုလည်း အတူပါဝင်ခဲ့ကြပါတယ်။

Image may contain: 8 people, people sitting, tree, outdoor and nature
Image may contain: 3 people, tree, plant, table, grass, outdoor and nature
Image may contain: 4 people, swimming, pool and outdoor

သာယာလှတဲ့ တောအုပ်အလယ်က အပန်းဖြေစခန်းလေးမှာ အဆိုတော်အာဇာနည်ရဲ့ သားလေးနှစ်ယောက်ဖြစ်တဲ့ ဖစ်ဖစ်တုန်၊ ချစ်ချစ်တုန် တို့နဲ့ အဆိုတော်ဇော်ပိုင်ရဲ့ သားလေး ရွှေပိုင်တို့ကလည်း အရမ်းတွေပျော်နေခဲ့ကြတာပါ။

Image may contain: 10 people, outdoor

သူတို့မိသားစုလေးတွေရဲ့ အပျော်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Image may contain: 3 people, people standing and outdoor

MyMedia

Leave a Reply

Your email address will not be published. Required fields are marked *