ဖခင်ကြီးရဲ့ အသက်ကို အချိန်မှီကယ်ခွင့် ရခဲ့လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင်ထက်ထက်မိုးဦးရဲ့ ဖခင်ကြီးဟာဆိုရင် ရောဂါပြင်းထန်စွာ ခံစားရပြီး ဆေးရုံမှာ အသက်လုကုသနေခဲ့ရတာ တစ်လနီးပါးကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။

Image may contain: one or more people
Image may contain: 1 person, indoor

ထက်ထက်မိုးဦးက ဖခင်ကြီးအတွက် နေ့ရောညပါ သူမရဲ့ ကျန်းမာရေးကိုတောင်ဂရုမစိုက်အားပဲ အနီးကပ် ပြုစုပေးနေခဲ့တာပါ။ သရုပ်ဆောင်ထက်ထက်မိုးဦးဟာ ဖခင်ကြီးကို ဆေးရုံစောင့်နေရင်း သူမရဲ့ ကျန်းမာရေးဆိုးရွားလာတာကိုတောင်မှ ဖခင်ကြီးအနားက မခွာခဲ့ပါဘူး။

Image may contain: 1 person, sitting and indoor
Image may contain: 1 person, indoor

ဒီနေ့မှာ တော့ သရုပ်ဆောင်ထက်ထက်မိုးဦးရဲ့ ဖခင်ကြီးဟာ ဝမ်းသာစရာ ကျန်းမာရေးအခြေအနေ ပြန်လည်တိုးတက်ကောင်းမွန်လာခဲ့တာဖြစ်ပြီး ထက်ထက်မိုးဦးက သူမရဲ့ ဖေ့ဘုတ်မှာ ” ဆေးရုံမှာတစ်လပြည့်လုနီးကြာပြီအဖေလဲသက်သာလာတာတွေ့ရတော့သမီးပင်ပန်းရကျိုးနပ်ပါပြီ..လွန်ခဲ့တဲ့၇နှစ်ခန့်က ischaemic heart disease ဖြစ်တော့ သွေးကြော၂ချောင်းချဲ့ရတယ် အချိန်မှီအသက်ကယ်လို့ရခဲ့တယ်,အခုလဲပြန်သက်သာလာအောင်သမီးကြိုးစားခွင့်ရခဲ့တယ်အဖေလဲအဖေ့ရဲ့သီလနဲ့ကျမကိုချစ်တဲ့သူတွေဝိုင်းပီးဆုတောင်းပေးကြတဲ့တွက်အဖေသက်သာလာတာ ကျမဘဝဘယ်လိုပဲဖြစ်ဖြစ်ဘာအခက်အခဲနဲ့ရင်ဆိုင်ရရင်ဆိုင်ရအားလုံးအဆင်ပြေပါတယ်ကျမဘဝမှာကျမရဲ့အသက်ချွေးနဲစာနဲ့ဘုရားတည်ကျောင်းဆောက်ဘုန်းကြီးကျောင်းတွေစာသင်ကျောင်းတွေရဟန်းတွေဘုရားအမကျောင်းအမအဖြစ်လှူဒန်းခဲ့ရတယ်ဘယ်သူအပေါ်မဆိုလဲတတ်နိုင်တဲ့ဘက်ကလိုက်ရောကူညီပေးခဲ့တာတွေများကြီးနဲ့သေမယ်ဆိုကျမခုသေပျော်နေပါပြီ” လို့ ဆိုထားပါတယ်။

Image may contain: 1 person, sitting, sleeping and baby
Image may contain: one or more people
Image may contain: 1 person, sitting

သရုပ်ဆောင်ထက်ထက်မိုးဦးရဲ့ ဖခင်ကြီးဟာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေက သွေးတိုးပြီး လေဖြတ်သွားတာကြောင့် မန္တလေး မင်္ဂလာဆေးရုံကြီး အရေးအပေါ်မှာ တင်ထားရတာဖြစ်ပါတယ်။

Image may contain: one or more people and people sitting
Image may contain: 1 person, indoor
Image may contain: 1 person, sitting

Leave a Reply

Your email address will not be published. Required fields are marked *